Affiliate Marketing ဆိုတာ တကယ်တော့ ကော်မရှင်စားနဲ့ အလားတူပါပဲ.။ သူအလုပ်လုပ်ပုံက ဒီလိုပါ.။ သင့်မှာ Website တစ်ခုရှိတယ်ဆိုပါစို့.။ အဲဒီ Website ဟာလဲ Google မှာ Keyword တစ်ခုခုနဲ့ရှာရင် ထိပ်ဆုံးမှာပေါ်တယ်ဆိုပါစို့.။ သင့် Website မှာ သက်ဆိုင်ရာ Product တွေ တင်ရောင်းပေးခြင်းဖြင့် ကော်မရှင်ရပါတယ်.။
ဥပမာ - Google မှာ Android Apps လို့ရှာလိုက်ရင် သင့် Website ဟာ ထိပ်ဆုံးမှာ ပေါ်တယ်ဆိုပါစို့.။ Apps Developer များထံမှ Link တစ်ခုကို သင့် Website မှာ တင်ထားပေးရုံပါပဲ.။ User တွေက Google မှာ Android Apps လို့ရှာမယ်.။ သင့် website ကိုရောက်လာမယ်.။ ဒီကမှတဆင့် ပေးထားတဲ့ Link ကို Click ပြီး ရောင်းချသူရဲ့ Website ကိုရောက်သွားမယ်.။ အဲဒီမှာသူက သဘောကျလို့ Application တစ်ခုခုကို ဝယ်လိုက်မယ်.။ ဒါဆိုရင် သင့် Website ကတဆင့်ရောက်လာတာဖြစ်တဲ့အတွက် သင့်ကို ကော်မရှင်ပေးရပါတယ်..။ ကော်မရှင်ကလဲ မနည်းပါဘူး.။ သင့် Website က Google မှာ နေရာတော်တော်ရထားတဲ့ Website ဖြစ်နေပြီး ရောင်းချသူကလဲ ခုမှ တက်သစ်စ အသစ် Developer ဖြစ်နေမယ်ဆိုရင် 70% အထိ ရနိုင်ပါတယ်.။ 100 ဖိုးရောင်းရရင် သင်က 70 သူက 30 ပေါ့.။
ကျနော်ဒီလိုပြောလိုက်လို့ Affiliate Marketing ဟာတယ်လွယ်ပါလား၊ ငွေအရချောင်ပါလားလို့ အထင်မစောလိုက်ပါနဲ့ဦး.။ Google မှာ ထိပ်နားရောက်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး.။ Android Apps လို ခက်ခဲတဲ့ Keyword မျိုးဆို ပိုဆိုးပါတယ်.။ တကယ်လို့ ကိုယ့်မှာ အဲလို Website မျိုးရှိတယ်ဆိုရင်တော့ AM ဟာ အလွယ်ကူဆုံးနဲ့ ပိုက်ဆံများများရတဲ့နည်းလမ်း ဖြစ်ပါတယ်.။ Affiliate Marketing အတွက် ကြော်ငြာချင်သူတွေနဲ့ blogger တွေကိုချိတ်ဆက်ပေးတဲ့ ဆိုက်ဒ်တွေကတော့ ClickBank.com နဲ့ CJ.com တို့ပဲဖြစ်ပါတယ်.။
Other Blogging Business Ideas
Affiliate marketing အပြင် တခြား idea တွေလဲရှိပါသေးတယ်.။
(1) Google Adsense & other ad networks
(2) Direct Selling Ads
(3) Copy Writing (Product Reviews)
(4) Writing Ebooks and Selling them
(1) Google Adsense & other ad networks
Google Adsense ဟာ Blog ရေးသားခြင်းဖြင့် ဝင်ငွေရနိုင်တဲ့ နည်းလမ်းတွေထဲမှာ အလွယ်ကူဆုံးဖြစ်ပါတယ်.။ သင်လုပ်ရမှာက Blog တစ်ခု Create လုပ်၊ Adsense အကောင့်တစ်ခုဖွင့်၊ Blog မှာ Post တွေတင်၊ Adsense ကုတ်ထည့်၊ ပိုက်ဆံရ ဒါပါပဲ.။
သို့သော်… ဒီ သို့သော်က အကြီးကြီးသို့သော်ပါ.။ Google Adsense လုပ်ရတာ လုံးဝ မလွယ်ကူပါဘူး.။ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံတွေဘက်က Blogger တွေက Auto Click တွေသုံးပြီး Cheating လုပ်လွန်းလို့ Google က နောက်ပိုင်းမှာ Adsense ကို အလွယ်တကူ ဖွင့်မပေးတော့ပါဘူး.။
Google Adsense အပြင် အခြား Alternative တွေကတော့ Chitika.com, Nuffnang.com, RevenueHits.com စသည်တို့ဖြစ်ပါတယ်.။ မြန်မာပြည်မှာတော့ MogokeAd, AdInnwa, iMyanmarAds စသည်တို့ ရှိပါတယ်.။
(2) Direct Selling Ads
ဒါလည်းရှင်းပါတယ်.။ သင့် website/blog ဟာ လူကြည့်များလာပြီဆိုရင် သက်ဆိုင်ရာ ပစ္စည်းတွေရဲ့ ကြော်ငြာတွေကို သင့် website မှာ ကြော်ငြာထည့်သွင်းနိုင်ပါတယ်.။ ဒီအတွက် သင့်လျော်တဲ့ အခကြေးငွေတစ်ခုကို Charge လုပ်နိုင်ပါတယ်.။
(3) Product Reviews
အချို့ နာမည်ကြီး Blog တွေဖြစ်တဲ့ Tech Crunch, Cnet, The Next Web အစရှိတဲ့ website တွေဟာ ကုမ္ပဏီတွေက Product အသစ်ထုတ်ပြီဆိုရင် Review ရေးပေးတတ်ပါတယ်.။ အဲဒီအတွက် ကုမ္ပဏီတွေက သူတို့ကို ရေးပေးခပေးရပါတယ်.။ တစ်ချို့သောလူကြည့်များတဲ့ website တွေဆိုရင် Review တစ်ခုအတွက် ဒေါ်လာသန်းချီ ပေးရတာမျိုးတောင် ရှိပါတယ်.။ ဒီမှာလဲ Myanmar Mobile App လို website မျိုးကို Product Review ရေးပေးဖို့ ကုမ္ပဏီတွေက Request လုပ်တာမျိုးရှိပါတယ်။ အခကြေးငွေ ဘယ်ရွေ့ဘယ်မျှရတယ်လို့တော့ မသိရပါဘူး.။
(4) Writing Ebooks and Selling them
စာရေးသားတာ ဝါသနာပါသူတွေအတွက် ကိုယ်တိုင်စာအုပ်ရေးသားပြီး အခကြေးငွေတစ်ခုနဲ့ ရောင်းချနိုင်ပါတယ်.။ အနည်းဆုံးတော့ ဆက်သွယ်ရမယ့် Mail နဲ့ အလဲအလှယ်လုပ်ပြီး Mail တွေ များလာတဲ့အခါ Marketing တွေကို ပြန်လည်ရောင်းချတာမျိုး၊ ကိုယ့် Product ကို Marketing လုပ်တာမျိုး လုပ်နိုင်ပါတယ်.။
ဒါတွေကတော့ လက်လှမ်းမီသလောက် ရှာဖွေထားတဲ့ Affiliate Marketing နဲ့ Blog Business Idea တွေဖြစ်ပါတယ်.။ ထပ်ပြီး သတိရမိတာရှိရင် ဒီပို့စ်မှာပဲ ထပ်ဖြည့်ပေးသွားပါဦးမယ်.။
0 comments:
Post a Comment