WHAT'S NEW?
Loading...

Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းများ (၄)


Affiliate နည်းနဲ့ပိုက်ဆံရှာခြင်း၊ ကြော်ငြာ ထည့်သွင်းခြင်း နဲ့ Sponsored Content နဲ့ ပိုက်ဆံရှာခြင်း နည်း (၃) နည်းရေးပြီးပြီဆိုတော့ ကျန်နေသေးတဲ့ Blog ရေးရင်းပိုက်ဆံရှာနိုင်တဲ့ နည်းတွေ ထပ်ပြောပေးသွားပါမယ်။

Premium Content
Blog ရေးသားရာမှာ ပုံမှန်ဖတ်နေသူ Reader တွေအနေနဲ့ ပုံမှန် Article တွေအပြင် ပိုပြီး Detail ကျတဲ့ content မျိုးတွေဖတ်ချင်တာမျိုး ရှိလာနိုင်ပါတယ်။ ဒီအခါမှာ Premium content အဖြစ်သတ်မှတ်ပြီး လစဉ်ကြေး တစ်ခုနဲ့ premium content တွေဖန်တီးပေးလို့ရပါတယ်။

Product များရောင်းချခြင်း
Blog တစ်ခုအောင်မြင်လာပြီဆိုရင် ပစ္စည်းတွေရောင်းလို့ရပါပြီ။ ဥပမာအားဖြင့် Blog မှာရေးသားခဲ့သမျှကို စုစည်းပြီးထုတ်တဲ့စာအုပ်၊ Ebook၊ Software တွေ၊ Application တွေ  ရောင်းလို့ရသလို Online ကနေ သင်ကြားတဲ့ သင်ခန်းစာတွေ၊ Offline သင်ခန်းစာတွေကိုလဲ ရောင်းလို့ရပါတယ်။

Services များရောင်းချခြင်း
Blog ရေးသားရင်း ကိုယ်ဟာ ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ်ပေးနိုင်တဲ့ Service တွေကို ရောင်းလို့ရပါတယ်။ Freelance လုပ်ပေးခြင်း၊ သင်တန်းတိုလေးတွေပေးခြင်း၊ Consulting လုပ်ပေးခြင်း၊ Design လုပ်ပေးခြင်း၊ စာရေးပေးခြင်း၊ Content Providing လုပ်ပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ပါတယ်။

Event များလုပ်ပေးခြင်း
နောက်ပိုင်းမှာ ကိုယ့် blog ကနေ ကြီးမှုးကျင်းပတဲ့ Event တွေလဲ လုပ်လို့ရလာပါတယ်။ အဲဒီမှာ  အခမဲ့ event တွေလုပ်နိုင်သလို လက်မှတ်ဝယ်ရမယ့် Event တွေလဲလုပ်နိုင်ပါသေးတယ်။ ဟောပြောပွဲတွေ၊ workshop မျိုးတွေကို သင့်တော်တဲ့ charges တစ်ခုကောက်ပြီးလုပ်ပေးနိုင်ပါတယ်။

Marketplace များတည်ဆောက်ခြင်း
ကိုယ့် blog နဲ့ သက်ဆိုင်တဲ့ပစ္စည်းများကို အခြားသူများပါ ဝင်ရောက်ရောင်းချနိုင်ဖို့အတွက် marketplace များ ထူထောင်ပေးလို့ရပါတယ်။ အဲဒီမှာ ကြော်ငြာခ၊ Premium Product တင်ခြင်း နဲ့ အခြားဝန်ဆောင်မှုတွေအတွက် charges ကောက်လို့ရပါတယ်။

အခြား income stream များ
ကိုယ့် blog ဆက်အသက်ရှင်နိုင်ဖို့အတွက် donation တောင်းတာမျိုး၊ နောက် blog ကို အပြတ်ရောင်းလိုက်တာမျိုးနဲ့လဲ ငွေရှာလို့ရပါသေးတယ်။

ဒါတွေကတော့ လတ်တလော စဉ်းစားလို့ရသမျှပါ။ နောက်ထပ်လဲရှိပါသေးတယ်။ ထပ်ဖြည့်ပေးသွားပါဦးမယ်။ Blogging နဲ့ Content Writing နဲ့ပတ်သက်ပြီး ဈေးသက်သက်သာသာနဲ့ သင်တန်းဖွင့်ဖို့လဲရှိပါတယ်။ ဒါကြောင့် ကျွန်တော့် blog ကို Follow လုပ်ထားခြင်း၊ Facebook မှာ Like ထားခြင်းဖြင့် update သတင်းရရှိအောင် လုပ်ထားကြပါလို့ တောင်းဆိုပါရစေ။

Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းများ (၃)


Ok .. ကြော်ငြာထည့်တဲ့နည်းလမ်းနဲ့ Affiliate Marketing နည်းလမ်း ပြီးသွားပြီဆိုတော့ ဒီတစ်ခါ အခုနောက်ပိုင်းခေတ်စားလာတဲ့ နည်းသစ်တစ်ခုကို ပြောပြပါမယ်။

Sponsored Content နည်းပါ။

Sponsored Content ရေးသားးခြင်းဖြင့် ပိုက်ဆံရှာတဲ့နည်းထဲမှာ Form အကွဲတွေအများကြီးပါပါတယ်။ အဓိကအားဖြင့်တော့ ဆိုင်တစ်ဆိုင်ဆိုင်ကို သွားစားပြီး ကောင်းကြောင်းရေးသားးပေးတာ၊ ပစ္စည်းတစ်ခုခုကို သုံးကြည့်ပြီး ကြိုက်တဲ့အတွက်ကောင်းတယ်လို့ ရေးပေးတာ၊ သတင်းသဘောမျိုး ထည့်သွင်းပေးဖို့ အခကြေးငွေ ယူပြီး ရေးပေးတာ အစရှိတဲ့နည်းတွေပါပါတယ်။

ကိုယ့် blog မှာ Traffic တွေ ရလာပြီ လူတွေကလဲ လာဖတ်နေပြီဆိုရင် Sponsored Content စ လက်ခံလို့ ရပါပြီ။ ဒီနေရာမှာ တစ်ခုသတိထားရမှာက ရိုးသားးဖို့ပါ။ မကောင်းတဲ့ပစ္စည်းတစ်ခုကို ကောင်းတယ်လို့ ရေးပေးရင်တော့ ကြာတဲ့အခါ လူတွေက ကိုယ့် blog ကိုပါ ဖတ်မှာ မဟုတ်တော့ဘူး။

ဒါကြောင့် ကောင်းလဲကောင်းတယ်၊၊ ကိုယ်လဲ ကြိုက်တယ် သုံးနေတယ်ဆိုတဲ့ ပစ္စည်းမျိုးတွေကိုပဲ Sponsoredေ၇းပေးသင့်ပါတယ်။

Sponsored Content ဖန်တီးရာမှာ စာရေးသားခြင်းအပြင် Video ရိုက်ကူးပေးတာ၊ Review လုပ်ပေးတာ၊ ကိုယ်ဖန်တီးတဲ့ Video ထဲမှာ Product Placement အဖြစ် ပြသွားတာ အစရှိတာတွေလဲ ပါပါတယ်။ အခုနောက်ပိုင်းမှာ ကြော်ငြာ Agency တွေအနေနဲ့လဲ Blogger တွေကို ရှာဖွေပြီး ရေးခိုင်းတာမျိုးတွေ ရှိလာပြီ ဖြစ်တဲ့အတွက် ကိုယ့်မှာ Traffic ရှိတဲ့ blog တစ်ခုနဲ့ Audience ရှိပြီးသား Social Channel တစ်ခု ရှိပြီဆိုရင် လုပ်လို့ရပါပြီ။


ဒါကတော့ အခုနောက်ပိုင်းသုံးလာတဲ့ Blog Monetization နည်းပါ။ အခြား နည်းတွေများကြီး ရှိပါသေးတယ်။ နောက်တစ်ပို့စ်မှာ တခြားကျန်နေသေးတဲ့ Blog Monetization နည်းတွေရေးပေးပါဦးမယ်။

Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းများ (၂)


အရင်တစ်ပတ်တုန်းက Blog Monetization မှာ အလွယ်ဆုံးနည်းလမ်းဖြစ်တဲ့ ကြော်ငြာထည့်တဲ့နည်းလမ်းကို ပြောပြခဲ့တယ်။ ဒီတစ်ပတ်မှာတော့ ပိုက်ဆံအများဆုံးရတဲ့ နည်းလမ်းကို ပြောပြပေးမယ်။

Affiliate Marketing နည်းလမ်းဖြစ်ပါတယ်။

Affiliate Marketing ဆိုတာကတော့ အလွယ်ကူဆုံးပြောရရင် ကော်မရှင် ရတဲ့ နည်းပါပဲ။

ဥပမာ - ကိုယ့်မှာ blog တစ်ခုရှိတယ်။ ကိုယ့် blog က Website ရေးသားနည်းတွေ သင်ပေးတဲ့ blog ဆိုပါတော့။ Blog post တွေထဲမှာ website တွေရေးဖို့အတွက် လိုအပ်တဲ့ Tools တွေ၊ Hosting နဲ့ Domain provider တွေအကြောင်း ထည့်ရေးထားတယ်။ ရေးထားတဲ့အထဲမှာမှ သက်ဆိုင်ရာ website တွေကို လမ်းညွှန်ပေးထားတဲ့ Link တွေပါမယ်ပေါ့။

ဖတ်တဲ့သူက ဖတ်ရင်းနဲ့ ပေးထားတဲ့ Link ကို ကလစ်နှိပ်ပြီး ညွှန်ထားတဲ့ website ကိုရောက်သွားမယ်။ ပြီးရင် အဲဒီမှာ ဝယ်မယ်ပေါ့။

ဝယ်တဲ့ပမာဏရဲ့ percent တစ်ခုကို ကိုယ်က ရပါတယ်။

Affiliate Marketing နည်းဟာ ပိုက်ဆံအများဆုံးရတဲ့ နည်းတွေထဲက တစ်ခုပါပဲ။ တစ်လကို ဒေါ်လာ (၆) သောင်းအထိ ရနေတဲ့ blogger တွေ တွေ့ဖူးပါတယ်။ ဒါကြောင့် blog ရေးခြင်းဖြင့် ပိုက်ဆံရှာမယ်ဆိုရင် သုံးသင့်တဲ့ နည်းတစ်ခုပါ။


Affiliate Marketing လုပ်ဖို့အတွက် သက်ဆိုင်ရာ website တွေမှာ Affiliate Program တွေ ရှိပါတယ်။ တော်တော်များများမှာ ရှိတယ်။ Amazon, Ebay, Alibaba အစရှိတဲ့ နာမည်ကျော် site တွေရှိသလို နာမည်မကြီးတဲ့ဆိုက်တွေလဲ ရှိတယ်။ နာမည်ကြီးဆိုက်တွေမှာတော့ Affiliate အဖြစ်လျှောက်မယ်ဆိုရင် နည်းနည်းချေတယ်ဗျ။ Blog traffic တောင်းတာမျိုးတွေ ကြုံရတတ်ပါတယ်။

အဲ Affiliate လုပ်ချင်တဲ့ Blogger တွေနဲ့ Affiliate ပေးချင်တဲ့  ကုမ္ပဏီတွေကြား ချိတ်ပေးတဲ့ ဆိုက်ဒ်တွေလဲ ရှိသေးတယ်ဗျ။

ဥပမာ ဒီ ဆိုက်ဒ်နှစ်ခုကို ဝင်ကြည့်ကြည့်လိုက်…
www.cj.com
www.clickbank.com

အဲလိုဆိုက်မျိုးတွေပါ။

Affiliate Marketing လုပ်ဖို့အတွက်လိုအပ်တာကတော့

Traffic ရှိတဲ့ Blog တစ်ခုရှိရပါမယ်။ Blog traffic ဟာ ကြုံသလိုလာကြည့်နေကြသူတွေ မဟုတ်ဘဲ အမြဲဝင်ကြည့်နေတာမျိုးဆို ပိုကောင်းသလို တူရာတူရာလူတွေ စုထားတဲ့ Community ပုံစံမျိုး ဖြစ်နေတာဆိုရင် ပိုကောင်းပါတယ်။
Online Payment ရှိရပါမယ်။
Online Payment ရှိတဲ့ နိုင်ငံကလူတွေ ဖတ်နေတာမျိုး ဖြစ်မှ အဆင်ပြေပါမယ်။

အကယ်၍ မြန်မာနိုင်ငံမှာလဲ နောက်ပိုင်းမှာ Affiliate Program တွေ Network တွေပေါ်လာမယ်ဆိုရင်တော့ အဆင်ပြေပြီပေါ့။ လောလောဆယ်တော့ နည်းနည်းခက်နေတာတွေ ရှိနေပါသေးတယ်။

နောက်တစ်ပို့စ်မှာ မြန်မာနိုင်ငံမှာလုပ်လို့ရတဲ့ Blog ဖြင့်ပိုက်ဆံရှာခြင်း နည်းလမ်းကို ရေးပေးပါဦးမယ်။

Blog ရေးသားခြင်းဖြင့် ပိုက်ဆံရှာနည်းများ (၁)


ဒီနေ့တော့ Facebook Tips တွေမပြောတော့ဘဲ Blogging အကြောင်း ပြောပြမယ်။

ကျွန်တော့်ကို တစ်ချို့တွေက မေးကြတယ်။ Blog ရေးရင်းနဲ့ ပိုက်ဆံရှာလို့ ရတယ်ဆိုတာ ဟုတ်လား။ ဘယ်လိုရှာရတာလဲ၊ ဘယ်လောက်လောက် ရသလဲပေါ့။ သူတို့ကိုလဲဖြေရင်း ကျွန်တော့် blog ဖတ်တဲ့သူတွေလဲ အကျိုးရှိစေဖို့ ပြန်ရေးပေးလိုက်တာပါ။

Make Money Blogging in Myanmar (Part 1) 


Blog ရေးရင်း ပိုက်ဆံရှာလို့ရတဲ့ နည်းတွေ အများကြီးရှိပါတယ်။ အဲဒီအများကြီးထဲကမှ နည်း (၃) နည်းကို ပြောပြပါမယ်။ အလွယ်ဆုံးနည်း၊ ပိုက်ဆံအများဆုံး ရတဲ့နည်း နဲ့ နောက်ပိုင်းမှပေါ်လာတဲ့ နည်းလမ်း အသစ် တို့ပါ။ အရင်ဆုံးသိထားရမှာကတော့ Blog နဲ့ ပိုက်ဆံရှာဖို့အတွက် Blog ကိုလာဖတ်တဲ့ Traffic ပမာဏတစ်ခုတော့ အနည်းဆုံး ရှိထားရမယ်။

အလွယ်ဆုံးနည်း - ကြော်ငြာလက်ခံ/ထည့်သွင်း နည်း

Blog မှာ ဖတ်ရှုသူတွေ များလာပြီဆိုရင် ကြော်ငြာစတင်ထည့်သွင်းလို့ ရပါပြီ။ ကြော်ငြာထည့်တဲ့နေရာမှာလဲ အမျိုးမျိုးရှိပါတယ်။
-       Ad Networks (Google Adsense တို့လို နိုင်ငံခြား Network, iMyanmar Ads တို့လို ပြည်တွင်း Network မျိုးတွေပါ)
-       á€á€­á€Żá€€á€šá€›á€­á€Żá€€á€šá€‘ညယအသဟငယးတဲအ Ad (ကုမ္ပဏီတွေကို တိုက်ရိုက်ချိတ်ဆက်ပြီး ရောင်းတဲ့ Ad)
-       á€€á€­á€Żá€šá€šá€ˇá€•စ္မညယး၊ ကိုယ့် Service ကို ကိုယ်ရောင်းတဲ့ Ad မျိုး

စသဖြင့်ရှိပါတယ်။

Ad Network တွေမှာဆိုရင် မြန်မာနိုင်ငံထဲက Network တွေက ပိုက်ဆံပေးတာ နည်းပါတယ်။ MyOpenware ဆို ပေးတာနည်းတဲ့အပြင် ချေလဲ ချေသေးတယ်။ နိုင်ငံခြားက Google Adsense လို Network မျိုးတွေကလဲ လျှောက်ရတာ အရမ်းခက်ပါတယ်။ ဒါကြောင့် Ad Network ကနေ ထည့်သွင်းဖို့ကို အားမပေးပါဘူး။ ကိုယ့်မှာ Google Adsense လို Network မျိုး ရှိနေရင်တော့ တစ်မျိုးပေါ့။ (တစ်ခုသတိထားရမှာက မြန်မာလိုရေးတဲ့ Blog တွေမှာ Google Adsense ထည့်မရပါဘူး၊ ဘာသာစကားကို support မလုပ်လို့ပါ)

စမ်းကြည့်ချင်တယ်ဆိုရင်
iMyanmar Ads - http://www.imyanmarads.com/
Google Adsense - https://www.google.com/adsense/start/

နိုင်ငံခြားက Network တွေနဲ့ ထည့်သွင်းမယ်ဆိုရင်တော့ ကိုယ့်ဆီမှာ ဘဏ်အကောင့်၊ ဒါမှမဟုတ် Paypal ရှိမှရပါမယ်။

တိုက်ရိုက်ထည့်သွင်းတဲ့ Ad ကတော့ ပိုက်ဆံ ပိုရတယ်၊ နည်းနည်းပိုခက်မယ်ပေါ့။ တစ်ခါတစ်လေ ကုမ္ပဏီနဲ့ အလွယ်တကူ တည့်ပြီး ကြော်ငြာရသွားတာမျိုးလဲ ရှိတယ်။ ကုမ္ပဏီတွေ နဲ့ တိုက်ရိုက်မလုပ်ဘဲ Agency တွေနဲ့ ချိတ်ထားပြီး ကြော်ငြာလိုက်ရှာလဲ ရပါတယ်။ အဓိကက ကြော်ငြာတိုက်ရိုက်ရောင်းတဲ့အခါ Traffic ရှိရမယ်၊ ကိုယ်ရောင်းမယ့် ကုမ္ပဏီနဲ့ ကိုယ့် blog နဲ့ အကြောင်းအရာကိုက်ညီရမယ် ဒါလေးတွေတော့ လိုပါတယ်။

ကိုယ့်ပစ္စည်းကိုယ့် service ကိုေ၇ာင်းတာကတော့ အလွယ်ဆုံးပဲ၊ ကိုယ်ပေးတဲ့ Service တွေကို ကြော်ငြာတစ်ခုလုပ်ပြီး ထည့်ထားရင် အလိုလို ကိုယ့်ဆီက လာဝယ်နေကြတော့ ပိုက်ဆံရနေတာပေါ့။

ကြော်ငြာဒီဇိုင်းလုပ်ဖို့အတွက် အသုံးအများဆုံး Size က 300 x 250 px ဖြစ်ပါတယ်။ ဒီ size ကတော့ Sidebar မှာ ထည့်ရမှာပေါ့။ တစ်ခုသတိထားရမှာက .. ခေတ်က မတူတော့ဘူး။ အရင်ကလို desktop မှာ ဖတ်ကြတဲ့ခေတ်မဟုတ်တော့ဘူး။ အခုခေတ်က Mobile ခေတ်ဖြစ်တဲ့အတွက် Mobile Responsive ဖြစ်တဲ့ ဒီဇိုင်း သုံးရမယ်။ Blog ဒီဇိုင်းကိုရော Ad ဒီဇိုင်းကိုပါ Mobile အခြေပြုပြီး စဉ်းစားထားဖို့ပါ။

ကြော်ငြာ design ကို photoshop နဲ့ လုပ်လဲရပါတယ်။ အွန်လိုင်းကလုပ်မယ်ဆို www.canva.com က အကောင်းဆုံးပါ။

ဒါဆို ကြော်ငြာထည့်ပြီး ပိုက်ဆံရှာတဲ့အပိုင်း ပြီးသွားပြီ။ နောက်နေ့မှာ ပိုက်ဆံအများဆုံး ရတဲ့ နည်းလမ်းဖြစ်တဲ့ Affiliate Marketing နည်းလမ်းအကြောင်း ရေးပေးပါမယ်။